၂၃.၁.၂၀၂၁ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်(အရှေ့)ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ ပြည်သူ့ရင်ပြင်ဝင်းအတွင်း၊ ခြံစည်းရိုးအနီး ပေါက်နေသော လုံးပတ်(၆)ပေ၊ အရှည်(၇ဝ)ပေခန့်ရှိ စိန်ပန်းပင်သည် အမြစ်မခိုင်သဖြင့် ဓမ္မစေတီလမ်းမပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း ၁၅ ၂၄ အချိန် သတင်းရရှိသဖြင့် အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၉)ဦး၊ အရန်(၂)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၅ ၅၅ အချိန်ပြီးစီးပါသည်။

သစ်ပင်လဲကျမှုကြောင့် ပြည်သူ့ရင်ပြင် သံဘန်းခြံစည်းရိုး (၈x၆)ပေ(၁)ချပ် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သတင်းရရှိပါသည်။