၁၇.၁.၂၀၂၁ ရက်နေ့၊ ၀၅ ၂၇အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ဆင်မင်းလမ်း နှင့် အောင်ဇေယျလမ်းထောင့်၊ အမှတ်(၄၉) နေ ပိုင်ရှင် ဦးနိုင်လွင်ဦး၏ (၂၅x၅၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ကျောက်ပြားခင်း (၂)ထပ်၊ ထပ်ခိုးပါ “ခေတ်ဆန်သူ”လက်ဖက်ရည်ဆိုင်တွင် ၎င်းထပ်ခိုးအတွင်း ပန်ကာမော်တာ အပူလွန်ကဲပြီး အောက်ရှိ အိပ်ယာခင်းပေါ်သို့မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၀၅ ၃၀အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ ကွပ်ကဲမှုယာဉ်(၁)စီး၊ သန္ဓေ(၆၄)ဦး၊ အရန် (၁၅)ဦးတို့ဖြင့် ရေဂါလန် (၁၁၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၀၅ ၄၅ အချိန် မီးငြိမ်းပါသည်။
မီးလောင်မှုကြောင့် (၂၅x၅၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ကျောက်ပြားခင်း (၂)ထပ် အဆောက်အဦ အပေါ်ထပ်၊ (၁၅x၂၅)ပေ ထပ်ခိုး၊ အိပ်ယာ၊ ပန်ကာနှင့် အဝတ်အစားအနည်းငယ် မီးလောင်ခံခဲ့ရပြီး ဆိုင်မန်နေဂျာ အား အလုံမြို့မ ရဲစခန်းမှ (ပ)၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Recent Comments