၁၃.၁.၂၀၂၁ ရက်နေ့၊ ၁၂ ၄၇ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၁၁/၆)နှင့် (၁၁/၇)ကြားတွင် ရန်ကုန်မှ ပဲခူးသို့ ယာဉ်မောင်း စိုးဇော်ထွန်း မောင်းနှင်လာသော  Light Truck အမျိုးအစား(အဖြူရောင်)ယာဉ်သည် ရှေ့ယာဘက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေ(၇)ဦး၊ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီခဲ့ပြီး ၁၄ ၀၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ကျား(၃)ဦး၊ မ(၉)ဦး စုစုပေါင်း (၁၂)ဦးအနက် ကျား(၁)ဦး၊ မ(၅)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)တို့အား ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း စိုးဇော်ထွန်းအား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။