၁၂.၁.၂၀၂၁ ရက်နေ့၊ ၁၁ ၂၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မဇ္ဇူလမ်း၊ အမှတ်(၉၃၁)နေ အိမ်ရှင် ဒေါ်လှမြင့်၏ (၁၅x၂၀)ပေ သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးအားမြှင့်စက် ဖွင့်ထားခဲ့ရာမှ အပူလွန်ကဲပြီး ဘေးနံရံနှင့် အဝတ်အစားများအား ကူးစက်၍ မီးလောင်မှုဖြစ်ပွားကြောင်း ၁၁ ၃၂ အချိန် သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ လေးထောင့်ကန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ရွှေပေါက်ကံနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် (၆)စီး၊ မီးသတ်ရေသယ်ယာဉ် (၅)စီး၊ ကွပ်ကဲမှုယာဉ် (၁)စီး၊ သန္ဓေ(၈၁)ဦး၊ အရန်(၃၈)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀၀)ခန့်နှင့် DCP 2 Kg မီးသတ်ဆေးဘူး (၅)ဘူးတို့ဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၄၃ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့်(၁၅x၂၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ် (၁)လုံး မီးလောင်ခံရနှင့် (၄၀x၆၀)ပေ သွပ်မိုး၊ ထရံကာ မြေစိုက်၏ ခေါင်းရင်းထရံအနည်းငယ်၊ (၂၀x၆၀)ပေ အုတ်ညှပ်၊ သွပ်မိုး၏ နံရံအနည်းငယ် မီးဟပ်ခံရပြီး ချွေးမဖြစ်သူ မဖြူနှင်းအေး အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ) ၁၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။