၁၁.၁.၂၀၂၁ ရက်နေ့၊ ၁၁ ၀၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်(၄၇၈)၊ ပိုင်ရှင် ဦးသူရိန်အောင်၏ My Lotus(စားသောက်ဆိုင်)အကျယ်အဝန်း(၆၀x၉၀)ပေ၊ Steel Structure (၂)ထပ်ရှိ မြေညီထပ်(၅x၈)ပေ လျှပ်စစ်မိန်းခံရှိ Change Over အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၁၁ ၀၅ အချိန် သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကုန်(နာ/ကူ)မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၁၅)ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်(၁၆)ဦး၊ ရေဂါလန် (၁၄၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၁၅ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၅x၈)ပေ လျှပ်စစ်မိန်းခန်းရှိ မိန်းခုံနှင့် ဝါယာကြိုးများ မီးလောင်ခံခဲ့ရပြီး လုံခြုံရေးဝန်ထမ်း ဖြစ်သူ ဦးသန်းဝင်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ (ပ)၂၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။