၆.၁.၂၀၂၁ ရက်နေ့၊ ၁၇ ၄၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၃)ရပ်ကွက်၊ မဟာဗန္ဓုလတံတားပေါ်တွင် ဗိုလ်တထောင်ဘက်မှ ဒေါပုံဘက်သို့ ယာဉ်မောင်း ဦးရဲလင်းထွန်း မောင်းနှင်သည့် Chenglong (၂၂)ဘီး၊ ပေ(၄၀)ကွန်တိန်နာ(အနီရောင်) ယာဉ်သည် မောင်းနှင်လာစဉ် စတပ်မော်တာစပက်ရိုက်ပြီး မီးပွားထွက်ရာမှ အနီးရှိ ဝါယာကြိုးသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၇ ၄၂ အချိန် သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သန္ဓေ(၂၄)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၃၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၄၆ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် ကားခေါင်းခန်းတစ်ခုလုံး မီးလောင်ခံရပြီး ယာဉ်မောင်း ဦးရဲလင်းထွန်း အား ဗိုလ်တထောင်မြို့မရဲစခန်းမှ (ပ) ၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။