၃၀.၁၂.၂၀၂၀ ရက်နေ့၊ ၁၁ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ ရန်ကုန် တက္ကသိုလ်ဝင်း၊ သထုံလမ်း၊ တင်းနစ်ကွင်းနားနေဆောင်ခြံဝင်းအတွင်းရှိ သထုံလမ်းဘေး ခြံစည်းရိုးအနီး ပေါက်နေသော လုံးပတ်(၅)ပေ၊ အမြင့်(၄၀)ပေခန့်ရှိ စိန်ပန်းပင်(၂)ပင်သည် မြွေပွ၍အမြစ်မခိုင်သဖြင့် သထုံလမ်းမပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း ၁၁ ၁၄ အချိန် သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၇)ဦး၊ အရန်(၂)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပြီး ၁၁ ၄၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

သစ်ပင်လဲကျမှုကြောင့် တင်းနစ်ကွင်းနားနေဆောင် ခြံဝင်းကာရံထားသော သံတိုင်ခြံစည်းရိုး အရှည်(၈၀)ပေ၊ အမြင့်(၅)ပေခန့်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သတင်းရရှိပါသည်။