၃.၁၂.၂၀၂၀ ရက်နေ့၊ ၀၉ ၄၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကလေးရပ်ကွက်၊ လေးဒေါင့် ကန်လမ်းမကြီးပေါ်တွင် တာမွေဘက်မှ သင်္ဃန်းကျွန်းဘက်သို့ ယာဉ်မောင်း ဦးမောင်မောင်မျိုး မောင်းနှင်သည့် HIJET အမျိုးအစား (အဖြူရောင်) ထီရောင်းသည့် မော်တော်ယာဉ်သည် မောင်းနှင်စဉ် ဆောင်းဘောက်နှင့် ဘတ္ထရီအိုး သွယ်တန်းထားသော ဝါယာကြိုးများအပူလွန်ကဲပြီး မီးစတင်လောင်မှုဖြစ်ပွားကြောင်း ၀၉ ၄၆ အချိန် သတင်းရရှိသဖြင့် တာမွေမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ (၆)ဦးတို့ဖြင့် ရေဂါလန် (၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၅၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ ယာဉ်မီးလောင်မှုကြောင့် (35 V) ဘတ္ထရီအိုး (၁)လုံး၊ ဆောင်းဘောက် (၁)လုံး၊ အင်ဂျင်ခန်းအတွင်း ဝါယာကြိုးများ၊ ရှေ့လေကာမှန်နှင့် ကားတံခါးများ မီးလောင်ခံရပြီး ယာဉ်မောင်း ဦးမောင်မောင်မျိုးအား တာမွေမြို့မရဲစခန်းမှ ယာဉ် (ပ) ၁၃၆၇/ ၂၀၂၀၊  ရာဇသတ်ကြီးပုဒ်မ – ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။