၂၉.၁၁.၂၀၂၀ ရက်နေ့၊ ၀၀ ၅၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊  ရှင်စောပုလမ်းအတိုင်း ဗဟန်းမြို့နယ် ဘက်မှ စမ်းချောင်းမြို့နယ်ဘက်သို့ ယာဉ်မောင်း မောင်ခြူဝင်းထိန် မောင်းနှင်လာသော  FORD အမျိုးအစား (အနက်ရောင်) မော်တော်ယာဉ်သည် မောင်းနှင်လာစဉ် ဓမ္မစေတီလမ်း၊ အမှတ်(၂၅)၊ ယုဇနစီးပွားရေး တာဝါရှေ့အရောက်တွင် လားရာတူရှေ့မှ မော်တော်ဆိုင်ကယ် မောင်းနှင်သူ စိုင်းအောင်မိုး၊ ဆိုင်ကယ်နောက်ထိုင်တွင် မကေသွယ်မိုး လိုက်ပါစီးနှင်းလာသည့်  Honda Wave အမျိုးအစား(အနီရောင်) မော်တော်ဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားပြီး ဆိုင်ကယ်ယာဉ်မောင်းသည် မော်တော်ယာဉ် အောက်ပိုင်းဂျွိုင်းဆက် နှင့် ဆီတိုင်ကီကြားတွင် ညပ်၍ အလုံမြို့နယ်၊ ရှင်စောပုလမ်း၊ ကရင်ခြံရပ်ကွက်၊ နေအိမ်ကားဂိုဒေါင်အထိပါရှိသွားကြောင်း ၀၁ ၃၉ အချိန် သတင်းရရှိသဖြင့် အလုံမြို့နယ်မီးသတ်စခန်းနှင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်း အား ၀၂ ၃၆ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါသူ မ(၁)ဦးသည် အခင်းဖြစ်ပွားသည့်နေရာတွင် (သေဆုံး)ခဲ့ပြီး ဆိုင်ကယ်ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပါသဖြင့် ရဲသူရိန်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့်  ယာဉ်မောင်း မောင်ခြူဝင်းထိန် အား စမ်းချောင်းမြို့မရဲစခန်းမှ ယာဉ် (ပ)၁၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၈/ ၂၇၉ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။