၂၄.၁၁.၂၀၂၀ ရက်နေ့၊ ၁၀ ၂၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၃/ ရန်ပြေရပ်ကွက်၊ ရန်ပြေ (၁၃)လမ်း၊ အမှတ် (၁၁) ပိုင်ရှင် ဒေါ်အုံးသီမှ ငှားရမ်းထားသည့် အိမ်ငှား ဒေါ်ဖြူဖြူကြည် ၏ (၁၂x၅၅)ပေ၊ (၃)ခန်းတွဲ (၅)ထပ်တိုက်၊ ပထမထပ်အလယ်၊ အခန်းအမှတ်(B-2)တွင် ဆေးလိပ်သောက်ပြီး မွေ့ယာအနီးထားခဲ့ရာမှ မီးကူး စက်လောင်မှုဖြစ်ပွားကြောင်း ၁၀ ၃၀ အချိန် သတင်းရရှိသဖြင့် ပတ်ဝန်းကျင်နေပြည်သူများမှ DCP 3kg မီးသတ်ဆေးဘူး (၃)ဘူးဖြင့် ကနဦး မီးငြှိမ်းသတ်ခဲ့ပြီး သကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊  မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၄၄)ဦး၊ အရန်(၂၀)ဦး တို့ဖြင့် ရေဂါလန် (၁၅၀၀) အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၁၀ ၃၇ အချိန်မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် Air Con (၁)ကောင်အား အင်ဒိုး၊ အောက်ဒိုး (၁)စုံ၊ မွေေ့ယာ(၁)လုံး၊ အဝတ်အစားများနှင့် ဝါယာကြိုးများ မီးလောင်ခံရပြီး အိမ်ငှား ဒေါ်ဖြူဖြူကြည် မှာ မီးခိုးမွှန်သဖြင့် အောင်ဇေယျာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ဒေါ်ဖြူဖြူကြည် အား  သကေတမြို့မ ရဲစခန်းမှ (ပ) ၈၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။