၂၂.၁၁.၂၀၂၀ ရက်နေ့၊ ၀၆ ၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၊ ကွင်းအမှတ်(၆၇၉)ရှိ ပိုင်ရှင် ဒေါက်တာသောင်းဝေ ၏ ၅ ဧက(ဆုနေစိုက်ပျိုးမွေးမြူရေးခြံ)တွင် ကြက်ခြံအတွင်းရှိ Grand Ford Cooling Pad Motor အပူလွန်ကဲရာမှ မီးစတင်လောင်ဖြစ်ပွားကြောင်း ၀၇ ၀၈ အချိန် သတင်းရရှိသဖြင့် မီးလောင်မှုအား ပတ်ဝန်းကျင်နေပြည်သူများမှ DCP 5Kg မီးသတ်ဆေးဘူး (၈)ဘူးဖြင့် ကနဦးငြှိမ်းသတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ မီးသတ်ရေသယ်ယာဉ် (၄)စီး၊ သန္ဓေ(၆၅)ဦး၊ အရန်(၁၈)ဦးတို့သည် ရေဂါလန် ၇၄၀၀ ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၇ ၂၅ အချိန်မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၃၀၀x၂၄)ပေ၊ Steel Structure (၁) ကြက်ခြံအလွတ်(၁)လုံးမီးလောင်ခံရပြီး စိုက်ပျိုးမွေးမြူရေးခြံ မန်နေဂျာ ဦးသန်းထိုက်စိုး အား မှော်ဘီမြို့မရဲစခန်းမှ (ပ)၁၄၅၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိပါကြောင်း သတင်းရရှိပါသည်။