၂၉.၁၀.၂၀၂၀ ရက်နေ့၊ ၀၈ ၁၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ လမ်းမတော်ပလာဇာရှေ့တွင် လုံးပတ် (၅)ပေ၊ အမြင့်(၂၅)ပေခန့်ရှိ ကျူးဘား အုန်းပင်သည် မြေပွ၍ အမြစ်မခိုင်၍ လဲကျမှုဖြစ်ပွားကြောင်း ၀၈ ၁၈ အချိန် သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၀၈ ၃၅ အချိန်တွင် လုပ်ငန်းများပြီးစီးပါသည်။

အဆိုပါ အပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် မော်တော်ယာဉ်(၂)စီး အနည်းငယ် ပျက်စီးခဲ့ပါကြောင်း သတင်းရရှိပါသည်။