၂၆.၁၀.၂၀၂၀ ရက်နေ့၊ ၁၃ ၁၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ရွှေညောင်ပင်ဘိုးဘိုးကြီးအနီး တွင် ယာဉ်မောင်း ဦးစန်းချစ် မောင်းနှင်လာသော (အစိမ်းရောင်) DYNA ယာဉ်သည် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာစဉ် ရန်ကုန်-ပြည်လမ်းမကြီးပေါ်သို့ ကွေ့တက်လာသည့် ယာဉ်မောင်း ဦးဝင်းတင် မောင်းနှင်ပြီး ယာဉ်အမှတ်  (လိမ္မော်ရောင်) NISSAN နောက်တွဲယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားပြီး DYNA ယာဉ်ခေါင်းခန်းအတွင်း ယာဉ်မောင်းညှပ်နေကြောင်း ၁၃ ၂၀ အချိန် သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၄ ၄၅ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်အမှတ် (အစိမ်းရောင်) DYNA ယာဉ်ပေါ်ပါ ယာဉ်မောင်းမှာ ယာဉ်ခေါင်းခန်းအတွင်းညှပ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊  ကျန် ကျား (၁)ဦးနှင့် မ (၁)ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဗာကုလနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ် ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ပြီး  (လိမ္မော်ရောင်) NISSAN ယာဉ်မောင်း အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရဲစခန်းမှ ယာဉ်(ပ) ၄၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။