၂၄.၁၀.၂၀၂၀ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်မပင်ကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ဒဂုံနို့ချက်စက်ရုံရှေ့တွင် ရန်ကုန်မှ ပြည်ဘက်သို့ ယာဉ်မောင်း ဦးဇင်မင်းထိုက် မောင်းနှင်သည့် SUZUKI အမျိုးအစား (အပြာရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးရှိ ဓါတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း   ၁၃ ၃၅ အချိန် သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၁၂)ဦး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၂)စီး၊ အရန်(၁၂)ဦး တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၄ ၂၀ အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦးအနက် ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ရှင်သန်ရေးနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်နှင့် ကျား(၂)ဦး သေဆုံးတို့အား ပုလဲအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ဆေးရုံသို့ပိုဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးဇင်မင်းထိုက်အား မင်္ဂလာဒုံမြို့မရဲစခန်းမှ ယာဉ် (ပ) ၄၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။