၁၉.၁၀.၂၀၂၀ ရက်နေ့၊ ၀၉ ၂၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၅၀)ရပ်ကွက်၊ မြနန္ဒာလမ်းမှ စက်မှုဇုန်ဘက်သို့ ယာဉ်မောင်း မောင်းနှင်လာသည့် TOYOTA DYNA (အဖြူ/စိမ်းကြား) ယာဉ်သည် ဘတ္ထရီအထွက် ဝါယာကြိုး ပေါက်ပြဲပြီး ကားဘော်ဒီနှင့် ပွတ်တိုက်ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း ၀၉၂၈ အချိန် သတင်းရရှိသဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၁၀)ဦးတို့သည် ရေဂါလန် (၃၀၀) ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၃၀ အချိန်မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးအနည်းငယ်နှင့် ဘတ္ထရီ (၁)လုံး မီးလောင်ခံခဲ့ရပြီး ယာဉ်မောင်း  အား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့မရဲစခန်းမှ (ပ)၁၆၀၉/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။