၁၇.၁၀.၂၀၂၀ ရက်နေ့၊ ၀၆၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကျောင်းကြီးလမ်း၊ မြို့နယ်ကြက်ခြေနီရုံးအနီး၊ လမ်းဘေးတွင် ပေါက်နေသော လုံးပတ်(၅)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ ခရေပင် မှ လုံးပတ်(၁)ပေခွဲ၊ အရှည်(၂၀)ပေခန့်ရှိ ခရေပင်ကိုင်းသည် ကျောင်းကြီး လမ်းပေါ်သို့ ကျိုးကျနေမှုဖြစ်ပွားကြောင်း ၀၆၅၀ အချိန် သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ကူညီးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၀၇၁၅ အချိန်တွင် လုပ်ငန်များ ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။