၂၈.၉.၂၀၂၀ ရက်နေ့၊ ၁၆ ၁၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ရတနာသိဒ္ဓိလမ်း၊ အမှတ်(၁၄၈)နေ ပိုင်ရှင် ဦးကျော်သီဟ၏ (၁၂x၃၇) ပေ၊ RC(၂)ခန်းတွဲ၊(၆)ထပ်တိုက်၊ မြေညီထပ်နေ နေအိမ်၏ အိမ်သာခန်းတွင် လုံးပတ် (၁)လက်မ၊ အရှည်(၃)ပေခွဲခန့်ရှိ ငန်းစောင်းမြွေ (၁)ကောင် ဝင်ရောက်နေကြောင်း ၁၆ ၁၆ အချိန် သတင်းရရှိသဖြင့် ဒေါပုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၄)ဦးတို့ဖြင့် သွားရောက် ဖမ်းဆီးပေးခဲ့ပါသည်။

အဆိုပါ မြွေဝင်ရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ငန်းစောင်းမြွေအား ၁၆ ၂၇ အချိန်တွင် ဖမ်းဆီးရမိပြီး ရန်အောင်သဘာဝရေကန်သို့ သွားရောက်လွှတ်ပေးခဲ့ပါကြောင်း သတင်းရရှိှိရပါသည်။