၂၃.၉.၂၀၂၀ ရက်နေ့၊ ၀၈ ၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ (၂)လမ်း၊ အကွက်အမှတ်(၅၉)ရှိ ပိုင်ရှင် Mr.Ngo Van Hung   ပိုင်ဆိုင်သော အကျယ်အဝန်း (၁)ဧကခန့်ရှိ BANA ဆက်သွယ်ရေး မြေအောက်သုံး ကေဘယ်(လ်)ပိုက်များနှင့် သွပ်ရည်စိမ် ထုတ်လုပ်သည့်စက်ရုံတွင် အလျား(၃၆)ပေ၊ အနက်(၃ပေခွဲ)၊ အမြင့် (၄ပေခွဲ)ရှိ Zinc တုံးများ အရည်ဖျော်သည့်ကန်အတွင်းမှ Zinc ရည်များပေါက်ကျပြီး Zinc ကန်အောက်ရှိ အပူပေးသည့် မော်တာပေါ်သို့ ကျရာမှ မီးစတင်လောင်မှုဖြစ်ကြောင်း စက်ရုံရှိဝန်ထမ်းများမှ DCP(3Kg) မီးသတ်ဆေးဘူး(၁၅)ဘူး၊  (25 Kg)မီးသတ်ဆေးဘူး(၃)ဘူး တို့ဖြင့် ကနဦး အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၀၈ ၃၆ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၃)စီး၊ ကွပ်ကဲမှုယာဉ်(၅)စီး၊ သန္ဓေ(၁၆၅)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၁၇၆၀၀) ခန့်နှင့် Foam အမြှုပ်ဆေးရည်(၁၀)ဂါလန်ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၅၆ အချိန် မီးငြိမ်းပါသည်။

အဆိုပါ  မီးလောင်မှုကြောင့် အပူပေးမော်တာ(၄)လုံး မီးလောင်ခံရပြီး ကုန်ထုတ်လုပ်မှု မန်နေဂျာ ဖြစ်သူ ဦးဝဏ္ဏခင်ဌေး အား မှော်ဘီမြို့မရဲစခန်းမှ (ပ) ၁၃၄၉ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။