၂၃.၉.၂၀၂၀ ရက်နေ့၊ ၀၈ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၅)၊ ရွှေရင်အေး (၃)လမ်း၊ အမှတ်(၈၆)နေ ပိုင်ရှင်  ဦးဇော်မျိုးအောင်၏ (၁၂၀x၆၀)ပေ၊ RC(၁)ထပ်  “ဝေယံအောင်ကုမ္ပဏီ” ကြက်အသားလွှာ  အအေးခန်းလုပ်ငန်းတွင် (၁၅x၆၀)ပေ၊ အပေါ်ထပ် အုတ်ကာထားသော ကွန်ပျုတာရုံးခန်းအတွင်းရှိ အဲယားကွန်း Safe Guard အပူလွန်ကဲရာမှ အနီးရှိ စာရွက်စာတမ်းများနှင့် ကွန်ပျူတာသို့ မီးကူးစက်လောင်ရာမှ မီးလောင်မှုဖြစ်ပွား၍ စက်ရုံရှိ ဝန်ထမ်းများမှ DCP(2Kg) မီးသတ်ဆေးဘူး(၅)ဘူးဖြင့် ကနဦးအသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၀၈ ၁၅ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ ကွပ်ကဲမှုယာဉ်(၃)စီး၊ သန္ဓေ(၉၉)ဦး၊ အရန်(၃၆)ဦးတို့ဖြင့် ရေဂါလန်(၁၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈ ၃၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ကွန်ပျုတာရုံးခန်းရှိ အဲယားကွန်း အင်ဒိုး(၁)လုံး၊ ကွန်ပျူတာ(၁)စုံ၊ Safe Guard(၁)လုံး၊ သစ်သားစားပွဲ(၁)လုံးနှင့် ပစ္စည်းတင်သံစင်(၁)ခုတို့ မီးလောင်ခံရပြီး ပိုင်ရှင် ဦးဇော်မျိုးအောင် အား လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းမှ (ပ) ၆၅၅ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။