၁၄.၉.၂၀၂၀ ရက်နေ့၊ ၁၃ ၅၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော (တောင်)ရပ်ကွက်၊ ဗားကရာလမ်းနှင့် ကျွန်းတောလမ်းထောင့်၊ အမှတ်(၁၆၇/A) ပိုင်ရှင် ဒေါက်တာ ဒေါ်ခင်မီဟန် (၂၅x၅၀)ပေ၊ RC (၃)ခန်းတွဲ (၇)ထပ်တိုက်၊ (၃)လွှာ ညာစွန်တွင် Automatic ရေနွေးအိုးအသုံးပြုထားရာမှ ရေနွေးခမ်း၍ ရေနွေးအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၁၃ ၅၄ အချိန်သတင်းရရှိသဖြင့် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကွပ်ကဲမှုယာဉ်(၂)စီး၊ သန္ဓေ(၄၉)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၉၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၃ ၅၇ အချိန်မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် စာအုပ်များ၊ (၁)ယောက်ထိုင်ဆိုဖာ(၁)လုံး၊ ကျွန်းစားပွဲခုံအသေး (၁)လုံး၊ ရေနွေးအိုးနှင့် ဝါယာကြိုးအနည်းငယ်မီးလောင်ခံရပြီး အိမ်ငှားဖြစ်သူ ဦးစိုင်းစေအောန်ခေး အား စမ်းချောင်းမြို့မရဲစခန်းမှ (ပ) ၆၀၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။