၃၀.၇.၂၀၂၀ရက်နေ့၊ ၁၄၃၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  လုံးပတ်(၃)ပေခန့်၊ အမြင့်(၃၀)ပေခန့်ရှိ စိန်ပန်းပင်သည် အမြစ်လန်၍ ဆက်သွယ်ရေးကြိုးပေါ်သို့ လဲကျနေကြောင်း ၁၅၂၃ အချိန် သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်၍ ကူညီရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ၁၇၀၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။