(၇.၈.၂၀၁၉)ရက်နေ့၊ (၁၇ ၃၅)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒညင်းကုန်းရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း (၁၇ ၄၆)အချိန် သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦး၊ အရန်(၂၀)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။