ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊  အမ်း-မအီကားလမ်း၊ မိုင်တိုင်အမှတ်(၅/၁)တွင် ၅.၆.၂၀၂၁ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့်က ယာဉ်မောင်း ဦးစိုင်းနေသန့် မောင်းနှင်လာသော DAIHATSU (မီးခိုးရောင်) ယာဉ်သည် အမ်းမှနေပြည်တော်သို့အပြန် ကားဘရိတ်မမိ၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ ပေ(၂၀၀) ကျော်ခန့် ချောက်အတွင်းသို့ ထိုးကျသွားကြောင်း အမ်းမြို့နယ်မီးသတ်စခန်းမှ ၁၀ ၄၀ အချိန်ခန့်တွင် သတင်းရရှိသဖြင့် Medium Rescue & Towing (4X4)(၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ ဘုန်းကြီး(၁)ပါးပျံလွန်တော်မူပြီး ယာဉ်မောင်း ကျား(၁)ဦး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)အား အမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးစိုင်းနေသန့်အား အမ်းမြို့မရဲစခန်းမှ ယာဉ်(ပ)၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။