၁၂ . ၉ . ၂၀၁၉ ရက်နေ့၊ (၀၈ ၃၀)အချိန်ခန့်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိဗိုလ်မှူးရွာ၊ ဝိမလ၊ ရွာသစ်ကေ၊ အောင်မြေဗောဓိနှင့် ဝေသာလီကျေးရွာ၊ ကံပြင်သာစည်ကျေးရွာ၊ ရွာသာယာကျေးရွာ၊ သီဟိုအေး(ယာယီ)ကျေးရွာတို့၌ ရေကြီးရေလျှံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့်  မောင်တောမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၃)ဦးတို့သည်  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း  သတင်းရရှိပါသည်။