၅.၁.၂၀၂၁ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၊ အမှတ်(၂)ဆိပ်ကမ်း ငလပွေ့ရပ်ကွက်ရှိ  ကြံတိုင်းအောင်  ဘိလပ်မြေဂိုဒေါင်တွင် ဆင်တံဆိပ် ဘိလပ်မြေအိတ် (၂၀၀၀)ခန့် အား သိုလှောင်ထားရှိပြီး အလုပ်သမားများမှရွေ့ပြောင်းစဉ်  ပြိုကျမှုဖြစ်ပွားကြောင်း ၁၆ ၃၀ အချိန် သတင်းရရှိသဖြင့် ကျောက်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၄)ဦးတို့သည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၁၇ ၄၀ အချိန်ပြီးစီးပါသည်။

အဆိုပါ ဘိလပ်မြေအိတ်ပြိုကျမှုကြောင့် အလုပ်သမား ကျား/မ (၃၄)ဦးအနက် ကျား(၁)ဦး၊ မ(၃)ဦးတို့မှာ ဘိလပ်မြေအိတ်ပိမိ၍ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။