၁၁.၉.၂၀၁၉ ရက်နေ့၊ (၀၆ ၃၅)အချိန်ခန့်၊  ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်မီးသတ်စခန်းမှ ကုန်းလမ်း(၂၅)မိုင်ခန့်ကွာဝေးသော အမ်း-မအီလမ်း၊ မိုင်တိုင်အမှတ်(၂၃/၂၄)ကြား၊ မွှား‌‌ကျေးရွာအုပ်စု၊ ဟင်းရွက်ကျေးရွာအနီး တောင်ကုတ်မြို့မှအမ်းမြို့ဘက်သို့ ယာဉ်မောင်း မောင်ဇင်မင်းသိန်း မောင်းနှင်သည့် (YGN-6B-7943)(၆)ဘီး ကုန်တင်ယာဉ်သည် ဘရိတ်ပေါက်၍ လမ်း၏ယာဘက် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၀၆ ၄၀) အချိန်သတင်းရရှိသဖြင့် အမ်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၇)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ယာဉ်နောက်လိုက်(၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် (၆)ဘီး ကုန်တင်ယာဉ်အား အမ်းမြို့နယ်မီးသတ်စခန်းမှ ပြန်လည်တည့်မတ်ခြင်း၊ လမ်းမပေါ်သို့ ဆွဲတင်ပို့ဆောင်ပေးခြင်း ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။