၁၁.၉.၂၀၁၉ ရက်နေ့၊ (၀၆ ၁၅)အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၇/၅)တွင် လုံးပတ်(၃)ပေ၊ အမြင့်(၄၀)ပေရှိသော မလေးရှားပိတောက်ပင်သည် ကားလမ်းမပေါ်သို့လဲကျမှုဖြစ်ပွားကြောင်း (၀၆ ၁၇)အချိန် သတင်းရရှိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၈)ဦး၊အရန်(၁၀)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။