(၇.၈.၂၀၁၉)ရက်နေ့၊ (၁၉ ၀၀)အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စုတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု(၁၁)စုမှ နေအိမ်(၁၁)လုံးနှင့် ဇင်းဘာစျေးမှ သွပ်များ အမိုးလန်၊ ဇင်းဘာတောရကျောင်းဝန်းအတွင်းရှိ ဉာဏ်တော်အမြင့်(၂၉)ပေရှိ စေတီထီးတော် ပြိုကျပျက်စီး၊ ဓမ္မာရုံ အမိုးလန်ပျက်စီးမှုဖြစ်ပွားကြောင်း (၁၉ ၁၅)အချိန် သတင်းရရှိသဖြင့် ပေါင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၄)ဦး၊ အရန်(၁၀)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍  သွားရောက်ကူညီဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။