၂၂.၁.၂၀၂၁ ရက်နေ့၊ ၁၀ ၅၁ အချိန်ခန့်၊ မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားဈေးလမ်းတွင် ယာဉ်မောင်း ဦးစိုးမြင့် မောင်းနှင်ပြီး ဦးရွှေလား လိုက်ပါလာသော (လိုင်စင်မဲ့) HONDA FIT အမျိုးအစား(အဖြူရောင်)ယာဉ်သည် ကမ်းနားလမ်းမှ မြသီတာဈေးဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ရေးမြစ်အတွင်းသို့  ထိုးကျမှုဖြစ်ပွားကြောင်း ၁၀ ၅၃ အချိန် သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၁ ၄၀အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရေးမြစ်ထဲမှ ယာဉ်နှင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအား ၁၁ ၄၀ အချိန်တွင် ဆယ်ယူ/ကယ်ထုတ်နိုင်ခဲ့ပြီး အောင်မင်္ဂလာရပ်ကွက်ပိုင် သူနာတင်ယာဉ်ဖြင့် ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ကျား(၂)ဦးမှာ (သေဆုံး)ခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးစိုးမြင့်အား ရေးမြို့မရဲစခန်းမှ ယာဉ်(ပ)၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။