၂၉.၁၁.၂၀၂၀ ရက်နေ့၊ ၁၆ ၃၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာနေ အိမ်ရှင် ဦးပေ့၏ (၁၂x၂၀)ပေ ပျဉ်ခင်း၊ ပျဉ်ကာ၊ ဓနိမိုး(၁)ထပ်နေအိမ် မျက်နှာကျက်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲ၍ အနီးရှိ ဓနိမိုးသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၆၃၂ အချိန်သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရန်ကြီးအောင်ရပ်ကွက်၊ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၉)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၂၅၀၀)အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၁၀ အချိန်မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၁၂x၂၀)ပေ ပျဉ်ခင်း၊ ပျဉ်ကာ၊ ဓနိမိုး(၁)ထပ်နေအိမ်(၁)လုံး မီးလောင်ခံရနှင့် (၁၂x၂၀)ပေ ပျဉ်ခင်း၊ ပျဉ်ကာ၊ ဓနိမိုး(၁)ထပ် နေအိမ် ကာရံထားသာ ပျဉ်နံရံ အနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး မီးစတင်လောင်သည့် နေအိမ် ပိုင်ရှင် ဦးပေ့အား ရေးမြို့မရဲစခန်းမှ (ပ)၅၄၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။