မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်၊ ပြည်နယ်တရားဉပဒေချုပ်ရုံးရှေ့တွင် ၁.၈.၂၀၂၁ ရက်နေ့၊ ၀၈ ၀၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၅)ပေခန့်၊ အမြင့်(၃၀)ပေခန့်ရှိ သက်တမ်းရင့် စိန်ပန်းပင်ကျိုးကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ၀၈ ၁၀ အချိန် သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရှင်းလင်းရေး လုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၀ ၃၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။