၂၂.၁၀.၂၀၂၀ ရက်နေ့၊ ၁၅ ၁၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ စည်ပင်တိုးဂိတ်အနီး၊ မိုင်တိုင်အမှတ် (၁၅/၀)နှင့် (၁၅/၁)ကြား၊ တံတားအမှတ်(၂/၁၅)၊ ရေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း ဦးကျော်ကျော်အောင် မောင်းနှင်သည့် HINO PROFIA FW  အမျိုးအစား(ဖြူပြာရောင်) (၁၂)ဘီးကုန်တင်ယာဉ်သည် ရာဘာထင်းတုံးများ တင်ဆောင် မောင်းနှင်လာစဉ် ယာဉ်၏နောက်ဝဲဘက်တာယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၁၅ ၁၅ အချိန် သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကွမ်တာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၁၅)ဦးတို့ဖြင့် ရေဂါလန် (၂၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၅ ၃၀ အချိန်မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် ယာဉ်၏နောက်ဝဲဘက်တာယာ(၁)လုံး မီးလောင်ခံရပြီး ယာဉ်မောင်း ဦးကျော်ကျော်အောင် အား မုဒုံမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၅၈၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။