၂၄.၉.၂၀၂၀ ရက်နေ့၊ ၁၅၂၈ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ဘလောက် ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကတုံးပေါ်ကျေးရွာ၊ ကတုံးပေါ်ချောင်းအရှေ့ကွက်သစ်တွင် ကမ်းပါးပြိုကျမှု ဖြစ်ပွားကြောင်း ၁၅၃၀ အချိန် သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ(၁၃)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၉၀၀ အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် အနီးရှိ အိမ်ထောင်စု (၃၀)၊ ကျား(၆၇)ဦး၊ မ(၈၀)ဦးတို့အား ဘေးလွတ်ရာ ဓမ္မာရုံနှင့် နီးစပ်ရာဆွေမျိုးများဆီသို့ ကူညီ ရွှေ့ပြောင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။