(၂၉.၁၂.၂၀၁၉)ရက်နေ့၊ (၀၈ ၀၀)အချိန်ခန့်၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ ခပ်ရခပ်ယူရုပ်ပွားတော်မြတ်ကြီး လမ်းဆုံအနီး၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၂၄/၆)နှင့် (၂၄/၇)ကြား၊ မော်လမြိုင်မှ ရေး-ထားဝယ်ဘက်သို့ ယာဉ်မောင်း ဦးဇေယျာအောင် မောင်းနှင်လာသော ယာဉ်အမှတ် YGN(5P-9811)NISSAN TRUCK အမျိုးအစား ‌ဆီတင်ယာဉ်(၁၈)ဘီး၊ (နောက်တွဲအဖြူရောင်) ယာဉ်သည် ဆိုင်ကယ်အားတိမ်းရှောင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓါတ်တိုင်အားဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း (၀၈ ၀၂)အချိန် သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ မော်လမြိုင်ခရိုင်မီးသတ်စခန်းမှ အမြုပ်ဆေးရည် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကျိုက်ရွဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကျုံဖိုက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ တော်ကူးအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ် ယာဉ် (၁)စီး၊ တံခွန်တိုင်အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ နိုင်လှုံအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကလော့သော့အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကမာဝက်အရန် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၁၄)စီး၊ သန္ဓေ (၂၃)ဦး၊ အရန် (၂၀)ဦးတို့ဖြင့် ရေဂါလန်(၁၃၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၉ ၀၀) အချိန်မီးငြိမ်းပါသည်။ မီးလောင်မှု ကြောင့် YGN(5P-9811) NISSAN TRUCK ဆီတင်ယာဉ်(၁)စီးနှင့် ယာဉ်ပေါ်ပါ အောက်တိန်း 92 (၂၀၀) ဂါလန် မီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၅၀,၉၀၀,၀၀ဝိ/- (ငါးရာ့ကိုးသိန်း)ခန့် ဖြစ်ကြောင်းနှင့် ယာဉ်မောင်း ဦးဇေယျာအောင်အား မုဒုံမြို့မရဲစခန်းမှ ယာဉ် (ပ) ၅၂၀၉/၂၀၁၉၊  ပြစ်မှုပုဒ်မ ၂၇၉/ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။