၂၄.၁.၂၀၂၁ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှိုင်လှုံကျေးရွာအုပ်စု၊ နှိုင်လှုံကျေးရွာနေ ပိုင်ရှင် ဦးမြင့်ဝေ၏ ကျိုက်ကာကျေးရွာရှိ ရာဘာခြံတွင် အမှိုက်များ မီးပုံရှို့ရာမှ အနီးရှိ ရာဘာစိုက်ခင်းသို့ မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း ၁၅ ၃၅ အချိန် သတင်းရရှိသဖြင့် မုဒုံမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၅)ဦး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၆၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆ ၁၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် ရာဘာစိုက်ခင်း ဧက(၂၀)ကျော် အပင်(၄၀၀၀)ကျော်ခန့် မီးလောင်ခံရပြီး ပိုင်ရှင် ဦးမြင့်ဝေ အား မုဒုံမြို့မစခန်းမှ (ပ)၁၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။