မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေ စီးဆင်းမှုများပြားလာခြင်းကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ထက် ကျော်လွန် သွားသဖြင့် ၂.၈.၂၀၂၁ ရက်နေ့၊ ၀၆ ၃၀အချိန်ခန့်က ဘီးလင်းမြို့နယ်အတွင်း အနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း ၀၇ ၃၀အချိန် ဘီးလင်းမြို့နယ်မီးသတ်စခန်း သတင်းရရှိသဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းနှင့်ရွှေလှေနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေ(၁၄)ဦး၊ အရန်(၃၀)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘိုးလှကြီးရပ်ကွက်ရှိ ပိန္နဲတောဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်း၊ အ.မ.က (မြို့သစ်)စာသင်ကျောင်းကယ်ဆယ်ရေးစခန်း၊ ရွှေလှေကျေးရွာရှိ မြောက်ကျောင်းကြီးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်း၊ ရွှေဘုံသာဘုန်းကြီးကျောင်း ကယ်ဆယ်ရေး စခန်း၊ ပညာဗောဓိကျောင်းကယ်ဆယ်ရေးစခန်းနှင့် ရွှေကျောင်းကြီးကယ်ဆယ်ရေးစခန်းတို့အား ရေနစ် မြှုပ်နေသော အိမ်ထောင်စုများအား ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၀၉ ၃၀အချိန်တွင် ပြီးစီးခဲ့ပါကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။