မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ထားဝယ်စုပိုင်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၇၂/၁ တွင် ၁၃.၆.၂၀၂၁ ရက်နေ့၊ ၁၇ ၀၀ အချိန်ခန့်က မော်လမြိုင်မြို့နယ်ဘက်မှ ကျိုက်ထိုမြို့နယ်ဘက်သို့ ယာဉ်မောင်း ဦးသူရလင်း မောင်းနှင်လာသော MITSUBISHI (အမျိုးအစား) အဖြူရောင် လိုရာပြည့်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်သည် အရှိန်လွန်ပြီး တိမ်းမှောက်ကာ လမ်းဘေးရှိ စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း ပေါင်မြို့နယ်မီးသတ်စခန်းမှ ၁၇ ၀၃ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၄)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၇ ၂၀ အချိန်ပြီးစီးကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်နောက်လိုက် ဦးနိုင်လင်းအောင်သည် လက်ဝဲဘက် တံတောင်ဆစ် မှန်ကွဲစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ယာဉ်မောင်း ဦးသူရလင်း အား ပေါင်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။