မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး၊ မိုင်တိုင် အမှတ်(၁၇၃/၁)တွင် ၁၅.၅.၂၀၂၁ ရက်နေ့၊ ၀၃ ၄၀ အချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခက်မှုကြောင့် လုံးပတ်(၂)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ စိန်ပန်းပင်လဲကျမှုဖြစ်ပွားကြောင်း ပေါင်မြို့နယ်မီးသတ်စခန်းမှ ၀၃ ၄၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၀)ဦး တို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၀၄ ၀၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိပါကြောင်း သိရသည်။