၂၇.၁၂.၂၀၂၀ ရက်နေ့၊ ၁၉ ၄၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ပုသိမ်ကွင်း၊ အမှတ်(၂၀)နယ်မြေနေ  ဒေါ်ချိုချိုခိုင်(ဣန္ဒြမာလာ) (၁၈x၃၅)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တွင် ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ထားရာမှ အနီးရှိ ထရံအား မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၉ ၅၀ အချိန် သတင်းရရှိသဖြင့် သထုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မုတ္တမနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရာမညလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၂)စီး၊ ဗိုလ်ဗိုလ်ဝင်းလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ(၄၈)ဦး၊ အရန်(၃၀)ဦးတိုသည် ရေဂါလန် (၁၂၀၀၀) အသုံးအပြုငြှိမ်းသတ်ခဲ့ရာ ၂၀ ၁၅ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၁၈x၃၅)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၂)လုံး၊ (၁၉x၄၅)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ (၁၈x၂၅)ပေ ဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး မီးလောင်ခံခဲ့ရပြီး ဒေါ်ချိုချိုခိုင်(ဣန္ဒြမာလာ) အား မုတ္တမနယ်မြေရဲစခန်းမှ (ပ)၂၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။