၉.၁.၂၀၂၁ ရက်နေ့၊ ၁၃ ၁၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဝံသ ၏ (၂၀x၃၀)ပေ၊ ရှေးဟောင်း အုတ်စီ (၂)ထပ် ဘုန်းကြီးကျောင်းတိုက်ရှိ ပထမထပ်တွင် အဲယားကွန်း Safe Guard အပူလွန်ကဲရာမှ မီးစတင်လောင်မှုဖြစ်ပွားကြောင်း ၁၃ ၂၀ အချိန် သတင်းရရှိသဖြင့် ချောင်းဆုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မုဒွန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ သန္ဓေ(၃၁)ဦး၊ အရန်(၅၀)ဦး တို့သည် ရေဂါလန် (၇၂၀၀) ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၃ ၄၅ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၂၀x၃၀)ပေ၊ ရှေးဟောင်း အုတ်စီ(၂)ထပ် ကျောင်းတိုက်၏ အမိုး၊ ကြမ်းခင်းနှင့် အတွင်းပစ္စည်းများ မီးလောင်ခံရပြီး ကျောင်းစောင့်အဖြစ်တာဝန်ယူထားသော ဦးတင်ရွှေ အား ချောင်းဆုံမြို့မရဲစခန်းမှ (ပ)၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။