၂၁.၁၁.၂၀၂၀ ရက်နေ့၊ ၀၁ ၄၅အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးဈေးတွင် ဆိုင်ပိုင်ရှင် ဒေါ်ဆိုင်နား၏ (၇×၆)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်ဆိုင်ခန်း၌ ဆပ်မီတာအပူလွန်ကဲရာမှ အနီးရှိ ပျဉ်ကာသို့မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၀၁ ၅၀အချိန် သတင်း ရရှိသဖြင့် ကျိုက်မရောမြို့နယ်မီးသတ်စခန်း၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းနှင့် ပိန်းနဲကုန်းနယ်မြေ မီးသတ်စခန်းများမှ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ သန္ဓေ(၇၆)ဦး၊ အရန်(၉)ဦး တို့ဖြင့် ရေဂါလန်(၂၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၀၃ ၂၀အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ကိုယ့်အားကိုယ်ကိုးဈေးအတွင်း (၇×၆)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် ဆိုင်ခန်း၊စုစုပေါင်း(၁၈၅)ခန်းမီးလောင်ခံခဲ့ရပြီး ပိုင်ရှင် ဒေါ်ဆိုင်နားအား ကျိုက်မရောမြို့မရဲစခန်းမှ (ပ)၅၇၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။