၂၂.၉.၂၀၂၀ ရက်နေ့၊ ၁၀၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင် (၆)ရပ်ကွက်တွင်နေထိုင်သူ မောင်စိုးဝင်း (၂၅)နှစ်သည် ရေတွင်းအတွင်းတွင် ရေနစ်သေဆုံးနေကြောင်း ၁၀၀၀ အချိန် သတင်းရရှိသဖြင့် ကျိုက်မရောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ (၇)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ရေနစ်သူ ရန်မျိုးအောင်(သေဆုံး)အား ပရဟိတနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျိုက်မရောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ၁၀၅၅ အချိန် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။