၂၃.၁၀.၂၀၂၀ ရက်နေ့၊ ၀၂၄၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ ဆေးရုံလမ်း၊ (၃)ခွပိုင်းရှိ (၁၅x၃၀)ပေ တောင်ထန်းမိုး၊ ထရံကာ၊ မြေခင်း ခေါင်ရည်ဆိုင်တွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၀၂၄၅ အချိန် သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေ(၁၃)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀)ခန့်အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၀၃၀၅အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၁၅x၃၀)ပေ တောင်ထန်းမိုး၊ ထရံကာ၊ မြေခင်း ခေါင်ရည်ဆိုင်(၁)ဆိုင် မီးလောင်ခံရပြီး ပိုင်ရှင် အား ကျိုက်ထိုမြို့မရဲစခန်းမှ (ပ) ၅၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်အရေး ယူထားပါကြောင်း သတင်းရရှိပါသည်။