မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကံကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ ပြည်သူ့ဈေးတွင် ၁၂.၁၀.၂၀၂၁ ရက်နေ့၊ ၀၅၃၀ အချိန်ခန့်က ပိုင်ရှင် ဦးချိုကြီး(ခ)ဦးချိုဝင်း ၏ (၆x၇)ပေ၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း၊ ကျောက်ပြားမိုး  လျှပ်စစ်ပစ္စည်းအရောင်းဆိုင်အတွင်း ခဲဂဟေဆော်ရာမှ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ၀၅၅၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန် (၁၅)ဦးတို့ဖြင့် ရေဂါလန်(၃၃၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၆၁၉ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၆x၇)ပေ၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း၊ ကျောက်ပြားမိုး  လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် ကုန်မာပစ္စည်း အရောင်းဆိုင် ဆိုင်ခန်း(၈)ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးချိုကြီး(ခ)ဦးချိုဝင်း အား ကျိုက်ထိုမြို့မရဲစခန်းမှ (ပ)၂၁၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။