မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ်ရပ်၊ အကွက်စိတ် (၈/၉)၊ ငွေတော်ကျီကုန်းရပ်ကွက်တွင် ၂၂.၁၁.၂၀၂၁ ရက်နေ့၊ ၁၆ ၃၅ အချိန်ခန့်က ပိုင်ရှင် ဦးတာတီး(ခ)ဦးကိုကိုလတ်၏ (၁၀x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ် လူနေအိမ်ရှိ မီးအားမြှင့်စက်မှ အပူလွန်ကဲ၍ အနီးရှိ အကာထရံသို့ ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ ၁၆ ၄၄ အချိန်တွင် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၂၇)စီး၊ ရေသယ်ယာဉ် (၈)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ သန္ဓေ (၈၀)ဦး၊ အရန် (၁၂၀)ဦးတို့ဖြင့် ရေဂါလန် (၂၈၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၀၉ အချိန် မီးငြိမ်းကြောင်း၊ အဆိုပါမီးလောင်မှုကြောင့် (၁၀x၁၅)ပေ၊ နံကပ်(၂)ထပ် နေအိမ်(၃)လုံး၊ (၁၀x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၃)လုံး၊ (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၃)လုံး၊ (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၃)လုံး စုစုပေါင်း နေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးတာတီး(ခ)ဦးကိုကိုလတ်အား ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၂၄၂/၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း  သိရသည်။