မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် ၁၃.၁၁.၂၀၂၁ ရက်နေ့၊ ၁၆ ၀၀ အချိန်ခန့်က ပိုင်ရှင် ဦးရဲဝင်းသူ၏ (၃၅x၃၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် လျှပ်စစ်မီးခုံအပူလွန်ကဲရာမှ အနီးရှိ ထရံသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း စဉ့်ကူးမြို့နယ် မီးသတ်စခန်းမှ ၁၆ ၀၂ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၁၈၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆ ၁၂ အချိန် မီးငြိမ်းကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် (၃၅x၃၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၁)လုံး မီးလောင်ခံရပြီး ပိုင်ရှင် ဦးရဲဝင်းသူ အား စဉ့်ကူးမြို့မရဲစခန်းမှ (ပ)၅၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။