မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ရွံ့ပန်းရပ်ကွက်တွင် ၂၂.၁၀.၂၀၂၁ ရက်နေ့၊  ၀၉ ၁၅ အချိန်ခန့်က ပိုင်ရှင် ဦးခင်မောင်တင့်၏ (၁၈x၁၈)ပေ၊ အုတ်ညှပ်(၂)ထပ် (အပေါ်ထပ် ထရံကာ) လူနေအိမ်အပေါ်ထပ်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း လယ်ဦးနယ်မြေမီးသတ်စခန်းမှ ၀၉ ၁၈ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၂၇ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၁၈x၁၈)ပေ၊ အုတ်ညှပ် (၂)ထပ် လူနေအိမ်(၁)လုံးနှင့် (၁၆x၁၆)ပေ၊ ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်(၁)လုံး စုစုပေါင်း လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးခင်မောင်တင့် အား မိုးကုတ်မြို့မရဲစခန်းမှ (ပ)၁၀၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။