မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ (၇၃)လမ်းမပေါ်၊ (၁၀၆x၁၀၇)ကြား၊ New Ocean Super Market Center ရှိ (မင်္ဂလာ-မန္တလေး) Shop House (၈)ခန်းတွဲ (၄)ထပ်၊ ဒုတိယအထပ်၊ အခန်းအမှတ်(၁)တွင် ၁၀.၁၀.၂၀၂၁ ရက်နေ့၊ ၀၇ ၂၀ အချိန်ခန့်က ပိုင်ရှင် ဦးမျိုးသိန်း၏ (၄၀x၅၀)ပေ၊ “Myo Thein” Electronic အရောင်းပြခန်းအတွင်း လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှတစ်ဆင့် အခန်းမျက်နှာကျက်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ ၀၇ ၂၁ အချိန်သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂၅)ဦး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ်(၅)စီး၊ လူမှုကူညီရေးအသင်းများမှ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေ(၈၀)ဦး၊ အရန်(၁၂၀)ဦးတို့ဖြင့် ရေဂါလန် ၁၆၀၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈ ၃၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် Electronic အရောင်းပြခန်းအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ Song Box နှင့် Amplifier များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်မန်နေဂျာ ဦးသူရမင်းသိန်း အား  ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ (ပ)၂၀၆/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။