မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ လမ်း၃၀၊ ၇၆x၇၇လမ်း ကြားတွင် ၉.၁၀.၂၀၂၁ရက်နေ့၊ ၀၀၁၈အချိန်ခန့်က ပိုင်ရှင် ဦးဇော်ဇော်ထွန်း၏ RC (၄)ထပ် (၁၅x၂၅)ပေ ဟိန်းဆေးဆိုင်တတိယထပ်ရှိ (၆x၁၂)ပေ ပစ္စည်းများ သိုလှောင်ထားရှိသောအခန်း မျက်နှာကျက်ပေါ်ရှိ လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ အောက်ရှိ HanGel (ပလပ်စတစ် ဘူးခွံအလွတ်များ)ပေါ်သို့ ပြုတ်ကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ ၀၀၂၀ အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ သန္ဓေ(၂၅)ဦး၊ အရန်(၅၀)ဦးတို့သည် ရေဂါလန်(၄၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၀၃၀ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် ဆေးပစ္စည်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဇော်ဇော်ထွန်း အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)ရဲစခန်းမှ (ပ) ၁၅၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သိရသည်။