မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ ၇၂လမ်း၊ ပျူစောထီး (၁၁၆)လမ်းနှင့် ကျန်စစ်သား(၁၁၇)လမ်းကြားနေ ပိုင်ရှင် ကိုထွေး၏ (၂၀x၆၀)ပေ၊ နံကပ်(၂)ထပ် နေအိမ်တွင် ၂၉.၈.၂၀၂၁ ရက်နေ့၊ ၀၂ ၅၀ အချိန်ခန့်က နေအိမ်ရှိ အပေါ်ထပ်အိပ်ခန်းတွင် တပ်ဆင်ထားသော လျှပ်စစ်မီးဘုတ်ခုံမှ အပူလွန်ကဲပြီး အနီးရှိအိပ်ရာပေါ်သို့ မီးပွားကျ၍ မီးလောင်မှုဖြစ်ပွားကြောင်း ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ ၀၂ ၅၃ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၄၅)ဦးတို့ဖြင့် ရေဂါလန်(၁၀၀၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၀၃ ၁၄ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၂၀x၆၀)ပေ၊ နံကပ်(၂)ထပ် နေအိမ်(၁)လုံး မီးလောင်ခံရပြီး ညစောင့် ကိုဇော်ဝင်း အား ပြည်ကြီးတံခွန်မြို့နယ်၊ အဆင့်မြင့်ရဲစခန်းမှ (ပ)၁၅၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရသည်။